အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

မြန်မာနိုင်ငံမှ ကုန်စည်တင်ပို့ခြင်းဆိုင်ရာ လမ်းညွှန်

မြန်မာနိုင်ငံမှကုန်စည်များတင်ပို့ရန်အတွက် နိုင်ငံတကာကုန်သွယ်မှုဆောင်ရွက် မည့်အသိအမှတ်ပြုကုမ္ပဏီအဖြစ် ဦးစွာလုပ်ငန်း မှတ်ပုံတင် ပြီး၊ ပို့ကုန်လုပ်ငန်းရှင်အဖြစ် မှတ်ပုံတင်ရမည်ဖြစ်ပါသည်။ လုပ်ငန်းမှတ်ပုံတင်ခြင်းအတွက် အသေးစိတ်ကို ဤနေရာတွင် ဝင်ရောက် ကြည့်ရှု့နိုင်ပါသည်။

  1. တင်ပို့ခြင်းလုပ်ငန်းကိုဆောင်ရွက်နိုင်ရန်အတွက် ပို့ကုန်လုပ်ငန်းရှင်တစ်ဦးသည် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး ဌာနအောက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA), တွင်နိုင်ငံတကာ ကုန်သွယ်မှု လုပ်ငန်းဆောင်ရွက်ခွင့် လုပ်ငန်းမှတ်ပုံတင်ရပါမည်။ မှတ်ပုံတင်သက်တမ်းမှာ နှစ်ဖြစ်ပါသည်။ ကုမ္ပဏီမှတ်ပုံ တင်ခြင်း အတွက် ဌာနဆိုင်ရာပူးပေါင်းလုပ်ငန်းအဖွဲ့ (OSS) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
  2. ပို့ကုန်လုပ်ငန်းရှင်တစ်ဦးသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်လုပ်ငန်းရှင်အဖြစ် မှတ်ပုံတင်ရမည်။မှတ်ပုံတင်သက်တမ်းသည် နှစ် ဖြစ်သော်လည်း နိုင်ငံတကာကုန်သွယ်မှု ဆောင်ရွက်ရန် လုပ်ငန်းမှတ်ပုံတင်ထားသည့် သက်တမ်းအတိုင်း (သို့) သက်တမ်းလက်ကျန်အတိုင်း (သို့) လုပ်ငန်း မှတ်ပုံတင်သက်တမ်းထက်မကျော်လွန်သော ကာလကို ရရှိမည်ဖြစ်ပါ သည်။ မှတ်ပုံတင်ကြေးမှာ တစ်နှစ်သက်တမ်းအတွက် ၅၀၀၀၀ ကျပ်ဖြစ်သည်။

ပို့ကုန်လုပ်ငန်းရှင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) သို့လည်း အသင်းဝင်ရပါမည်။